Monday, September 3, 2012

Index

မာတိကာ
--သတင်းကောင်း

--သာလှနှင့်ဖေမြ(ဒိုင်ယာလော့)

--၀တ္ထုတို

--ကဗျာ

--သမ္မာကျမ်းစာဖတ်ရှုရန်

Thursday, August 30, 2012

သတင်းကောင်း

ယနေ့ ခေတ်ရဲ့ တိုးတက်လာနေတဲ့ နည်းပညာတွေနဲ့အတူ ကမ္ဘာကြီးဟာလျှင်မြန်စွာပြောင်း
လှဲလာနေပါတယ်။  အိုင်တီခေတ်ရဲ့သတင်းအချက်အလက်တွေထဲမှာ  စိတ်မချမ်းသာစရာ
ပြဿနာပေါင်းသောင်းခြောက်ထောင်က နေရာယူနေပါတယ်။ ဒါဟာဘာကိုညွှန်ပြနေသလဲ
ဆိုရင် ကျွန်ုပ်တို့ရဲ့က မ္ဘာကြီးဟာတစ်စထက်တစ်စ လျှင်မြန်စွာပျက်စီးယိုယွင်းလာနေပြီဆို
တာကိုထင်ရှားစေပါတယ်။

-နေ့စဉ်လူမှုဘ၀ထဲမှာ အသဲအသန်ရုန်းကန်ပြီး စိတ်ဖိစည်းနေရတာတွေ။
-ဖြတ်သန်းခဲ့ရတာတွေထဲမှာ ကြေကွဲစရာတွေ၊ ဒေါသထွက်စရာတွေ၊ သစ္စာဖေါက်ခံရခြင်းတွေ၊
ဝမ်းနည်းယူကြုံးမရဖြစ်ပြီး ဆုံးရှုံးခဲ့ရတာတွေ။
-ရှေ့အနာဂတ်ကိုကြိုတွေးပြီး ရင်လေးစရာတွေ၊ အခြေအနေတွေအတွက် အကြံရခက်လှတဲ့
အဖြစ်မျိုး တိုးနေရတာတွေ….

ကမ္ဘာကြီးအတွက်ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်မိသားစုအသိုင်းအ၀ိုင်းအ
တွက်ပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ သောကရောက်နေရသူလူသားတွေ အတွက်၊
စစ်မှန်တဲ့ငြိမ်းချမ်းမှု ရှာဖွေတွေ့ရှိစေချင်တဲ့ စေတနာ နဲ့ ဒီဝက်ဘ်ဆိုဒ် ကို ကျွန်တော်တို့ တင်
ပေးထားပါတယ်။

ယေရှုခရစ်တော်က ၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ငါ့ထံသို့လာကြလော့၊ ငါသည်
ချမ်းသာပေးမည်။ (မဿဲ ၁၁း၂၈) လို့ဖိတ်ခေါ်နေပါတယ်။

 The Brothers